၂၀၂၂ ခုနှစ် အဟာရဖွံဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် ပုသိမ်မြို့၌ ကျင်းပ

ပုသိမ် သြဂုတ် ၁၈

 

ဧရာဝတီတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် အဟာရဖွံဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ပုသိမ်မြို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ဩဂုတ် ၁၈ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာရီရီဝင်းက အဟာရဖွံဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အဟာရဖွံဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ပရိုဂျက်တာဖြင့် ပြသပြီး အသက် ၅ နှစ်အောက် ကလေးများကို ဗီတာမင်အေ ဆေးလုံးများ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို အဏုအာဟာရဆေးဝါး တိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့က အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်များနေ့ အထိမ်းအမှတ် ပြခန်းပြသထားမှုများကို ကြည့်ရှုလေ့လာကြသည်။

 

ယနေ့ပြုလုပ်သည့် အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မြင့်ဟန်

 

mdn