၃ ဒသမ ၆ အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ရှား

နေပြည်တော် ၂၁ နိုဝင်ဘာ 

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၄၅)မိနစ်၊ (၃၈) စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ တောင်ဘက်(၂၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ချောက်မြို့၏ အရှေ့ဘက် (၆)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၈၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၂) ဒီဂရီ၊ အနက်(၁၁၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

MDN