(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စဝ်စံထွန်းဆေးရုံကြီးသို့ အောက်ဆီဂျင်စက်သုံးလုံးလှူဒါန်း

တောင်ကြီး ၂၆  စက်တင်ဘာ 

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကိုရိုနာဗိုင်းရပ်စ်-၁၉ (COVID-19)ဖြစ်ပွားနေသည့် ကာလအတွင်း အထောက်အကူ ဖြစ်စေရန်အတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးသို့ အောက်ဆီဂျင်စက်(Oxygen Concentrator 7F-5w)သုံးလုံးနှင့်အာဟာရဒါနအလှူငွေလှူဒါန်းပွဲကို စက်တင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီက စဝ်စံထွန်းဆေးရုံကြီးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အောက်ဆီဂျင်စက်နှစ်လုံးလှူဒါန်းရာတွင်ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကို ဦးဆောင်သော ရဲအရာရှိကြီးများက အောက်ဆီဂျင်စက် သုံး လုံးနှင့်အာဟာရဒါန အလှူငွေ ၁၀ သိန်းကျပ်ကို စဝ်စံထွန်းဆေးရုံ ဒုတိယဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထံပေးအပ်ခဲ့ပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည် ပေးအပ်ခဲ့ကြသည်။

 

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊ အမှတ် (၁၈) ယာဉ် ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲ မှူးရုံး(ရှမ်းတောင်)၊ ပြည်နယ်ရဲအကူ တပ်ဖွဲ့ခွဲ၊ အမှတ်(၂)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ခွဲ၊ သတင်းရဲတပ်ဖွဲ့အမှတ်(၁၄)တပ်ဖွဲ့ခွဲ၊ အမှတ် (၁၅) မှုခင်း ရဲတပ်ဖွဲ့ (CID)တို့က ပူးပေါင်း၍ ၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အောက်ဆီဂျင်စက် သုံးလုံးနှင့် အာဟာရဒါနအလှူငွေ(၁၀)သိန်းကျပ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့အပါအဝင် ရှမ်းပြည်နယ် အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက လှူဒါန်းမှုများ၊ ဒေသနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)