(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

မန္တလေး ၂၀ စက်တင်ဘာ

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)မှ တပ်ဖွဲ့ဝင် (၁၅)ဦးတို့က အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး) ရှိ အမျိုးသားသွေးလှူဘဏ်၌ လှူဒါန်းကြသည်။

အဆိုပါ စုပေါင်းသွေးလှူရာသို့ စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး)မှ ရဲတပ်ဖွဲ့မှူး ရဲမှူးငြိမ်းချမ်းအောင်နှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှု အားပေးစကားများ ပြောကြားကာ အာဟာရဖြည့်စွက် အစာအဖြစ် ကြက်ဥ၊ ပဲနို့နှင့် အချိုရည်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)