(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ၂၀ စက်တင်ဘာ

 

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်ဖြိုးအောင် ဦးစီးသည့် ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့သည်  ယမန်နေ့က ကော့ကရိတ်မြို့ အမှတ်(၇)ရပ်ကွက်ရှိ ဝါဆိုဦးဘုန်းကြီး ကျောင်းဝင်းအတွင်း၌ လည်းကောင်း၊ ထို့အတူ ကျုံဒိုးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇင်မင်းထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၁၉)ဦးတို့သည် ကျုံဒိုးမြို့ရှိ ဆုတောင်းပြည့် အေးစေတီဘုရားဝန်းအတွင်း၌ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို လည်းကောင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား