(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်  ၁၃  ဇန်နဝါရီ 

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာရဝတီ ပွဲတော်ကွင်းတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီ၊ မိနစ် ၅၀ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ 

အဆိုပါအခမ်းအနား ကျင်းပပုံများကို မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MITV ၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC)၊ မြန်မာ့အသံရေဒီယိုအစီအစဉ်၊ Myanmar State Counsellor Office Facebook Page၊ NRPC Facebook Page၊ Ministry of Information Facebook Page၊ MRTV Facebook Page နှင့် Myanmar Digital News Facebook Page တို့တွင် ယင်းနေ့ နံနက် (၈) နာရီ မိနစ် (၃၀) အချိန်မှစတင်၍     တိုက်ရိုက်(Live)ထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အစီရင်ခံ တင်ပြအပ်ပါသည်။

MDN