(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း လက်အောက်ဌာနများရှိ ဝန်ထမ်းများ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲများကျင်းပ

နေပြည်တော်  ၄  ဇန်နဝါရီ   
 
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းလက်အောက်ရှိ သတင်းစာတိုက်များနှင့် ဌာနခွဲများမှ ဝန်ထမ်းများ၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို  ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ နေပြည်တော်သတင်းစာတိုက်ဝင်း၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။

 

mdn

 

သတင်းစာတိုက်ဝန်ထမ်းမိသားစုများ ကျန်းမာကြံ့ခိုင်ရန်အတွက် ရည်ရွယ်၍ အမျိုးသား ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုံးရိုက်နှင့်ချောတိုက်တက်ပြိုင်ပွဲများ၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲများနှင့် ကလေးငယ်များအတွက် မုန့်စားပြိုင်ပွဲ၊ အပြေးပြိုင်ပွဲများစသည့် သက်ကြီးတန်း၊ သက်ငယ်တန်း အားကစားပြိုင်ပွဲများကို ကျင်းပခဲ့သည်။

 

mdn

 

အားကစားပြိုင်ပွဲများတွင် အမျိုးသားဘောလီဘော ပထမ ပုံနှိပ်စီစဉ်ရေးအသင်း၊ ဒုတိယ ကြေးမုံသတင်း စာတိုက်အသင်း၊ တတိယ မြန်မာ့အလင်းသတင်းစာတိုက်အသင်းတို့ကလည်းကောင်း၊ အမျိုးသား ပိုက်ကျော် ခြင်းပြိုင်ပွဲတွင် ပထမ ပုံနှိပ်စီစဉ်ရေးအသင်း၊ ဒုတိယ မြန်မာ့အလင်း သတင်းစာတိုက်အသင်းနှင့် တတိယ ကြေးမုံသတင်းစာတိုက်အသင်းတို့ကလည်းကောင်း၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲတွင် ပထမ မြန်မာ့အလင်း သတင်းစာတိုက်၊ ဒုတိယ နေပြည်တော်သတင်းစာတိုက်အသင်းနှင့် တတိယ ကြေးမုံသတင်းစာ တိုက်အသင်း တို့ကလည်းကောင်း ရရှိခဲ့သည်။ 

 

mdn

 

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲဆက်လက်ကျင်းပရာ သက်ကြီးတန်း၊ သက်ငယ်တန်းအလိုက် ပြိုင်ပွဲအသီးသီး၌ ဆုရရှိသူများအား သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ စာတည်းမှူးချုပ်များ၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - သီဟစည်သူ

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn