(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၅ ဇန်နဝါရီ 


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က တည်ခင်းဧည့်ခံ သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတောသမ္မတအိမ်တော်ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။

 

1


အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီးဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ဦးကျော်တင်နှင့် ၎င်းတို့၏ဇနီးများက အခမ်းအနားသတက်ရောက်လာကြသူများအား ကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ည ၇ နာရီတွင် အခမ်းအနား ကျင်းပသည့် နိုင်ငံတော်သမ္မတအိမ်တော် ဥပစာမြက်ခင်းပြင်သို့ ရောက်ရကြပြီး ညစာစားပွဲသို့ တက်ရောက်လာကြသည့် သံအမတ်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှဌာနေကိုယ်စားလှယ်များနှင့် ၎င်းတို့၏ဇနီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ 

 

2


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီးဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သှူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်း ထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သှူလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ဇနီးဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး ဒေါ်သိန်းယဉ်ချေ၊ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး ဒေါ်ခင်လေးသက်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလှူအခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ သံအမတ်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စား လှယ်များနှင့် ၎င်းတို့၏ဇနီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ၏ မိသားစုများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဧည့်ခံဖျော်ဖြေ


(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင်မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုကြပြီး ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း တေးသံရှင်များက မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။

 

3


ကြည့်ရှုအားပေး


ညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်သည်တော်များသည် မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။


သတင်းစဉ်