(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် (၅)ကီလိုမီတာ အပြေးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပမည်

နေပြည်တော် ၈ ဇန်နဝါရီ 

 

၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် “Myanmar Union Day Peace Run” (၅)ကီလိုမီတာ အပြေးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် “Myanmar Union Day Peace Run” (၅) ကီလိုမီတာ အပြေးပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစိုးရအဖွဲ့ရုံးစိုက်ရာ မြို့ကြီးများတွင် တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပသွားနိုင်ရေး အစီအစဉ်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်မျိုး