အာမေးနီးယားတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၂၀၁ ဦး ရှိ၊ ကန့်သတ်ချက်များ ထပ်မံရုပ်သိမ်း

၁၃ ဩဂုတ်

 

 

အာမေးနီးယား နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၂၀၁ ဦး ရှိရာ ကူးစက်ခံရသူပေါင်း ၄၀၇၉၄ ဦး ရှိလာကြောင်း ရောဂါထိန်းချုပ်ရေး ဗဟိုဌာန၏ ပြောကြားချက်အရ သိရသည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ ၃၃၅ ဦး ရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူပေါင်း ၃၃၄၉၂ ဦး ရှိသည်ဟု ထိုဌာနမှ သတင်းထုတ်ပြန်ထားသည်။

 

 

လူ သုံးဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၈၀၆ ဦးအထိ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။

 

 

မတ်လ ၁ ရက်နေ့က ပထမဆုံးကူးစက်မှု ဖြစ်ပွားချိန် ကတည်းက လူပေါင်း ၁၇၉၀၃၂ ဦးကို ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ထိုဌာနက ထပ်လောင်း ပြောကြားခဲ့သည်။

 

 

အာမေးနီးယား တရားရေးဝန်ကြီး ယူစတမ် ဘာဒတ်ယန် က နိုင်ငံအရေးပေါ် အခြေအနေကို စက်တင်ဘာ ၁၁ ရက်နေ့ထိ တိုးမြှင့်ခဲ့သော်လည်း အစိုးရက ကန့်သတ်ချက် အချို့ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

 

အာမေးနီးယား နိုင်ငံအတွင်း နိုင်ငံခြားသားများ ဝင်ရောက်ခွင့် ပိတ်ထားမှုကို ရုပ်သိမ်းခဲ့သော်လည်း အဆိုပါ ဝင်ရောက်လာသူများ အနေဖြင့် ၁၄ ရက်ကြာ သီးသန့်ခွဲခြား နေထိုင်ရမည် ဖြစ်သည်ဟု ဘာဒတ်ယန်၏ ပြောကြားချက်အရ သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို