အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲအခမ်းအနား ထားဝယ်မြို့၌ ကျင်းပ

ထားဝယ်        ၂၂          ဖေဖော်ဝါရီ 

AIA Myanmar ၏ အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Golden Guest Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ ဦးခင်မောင်အေး က အာမခံလုပ်ငန်းနှင့်ပတ်သက်   ပြီးနိုင်ငံသူ/နိုင်ငံသားများ ထဲထဲဝင်ဝင်သိရန်လိုအပ်ကြောင်းနှင့် အာမခံလုပ်ငန်းများအကြောင်းကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။

 

‌ေ

 

ထို့နောက် AIA Financial Consultant Director ဒေါ်စိမ်းနန္ဒာလှိုင် က AIA စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခု နှစ်တွင် စတင်တည်ထောင်ပြီး လွတ်လပ်သည့်အများနှင့်သက်ဆိုင်သော ကုမ္ပဏီကြီးဖြစ်သော pan-Asian  အသက်အာမခံလုပ်ငန်းအဖွဲ့အစည်းဖြစ်ကြောင်း ၊ AIA အနေဖြင့် အသက်အာမခံပေါ်လစီများကို ဝန်ဆောင်မှုပေး လျက်ရှိရာဝန်ဆောင်မှုများတွင် အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ငွေစုခြင်းအစီအစဉ်များပါဝင်ကြောင်း နှင့် AIA ကုမ္ပဏီအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Manage ဒေါ်ယမင်းအေး က ကျန်းမာရေးအာမခံအကြောင်း၊အကျိုးခံစားခွင့်မရှိသော အချက်များအကြောင်း ၊ ဘဝလုံခြုံစေသောစုဆောင်းမှုကိုရွေးချယ်သင့်သောအကြောင်းအရာများနှင့်ရရှိနိုင် သော အကျိုးခံစားခွင့်များအကြောင်းကိုရှင်းလင်းဆွေးနွေးပြောကြားပြီးတက်ရောက်လာသူများ က သိရှိလိုသည်များ ကိုမေးမြန်းရာ တာဝန်ရှိသူများ က ပြန်လည်ဖြေကြားသည်။

 

‌ေ

 

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ AIA Financial Consultant Director ဒေါ်စိမ်းနန္ဒာလှိုင်နှင့်အဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


(ထားဝယ်ခရိုင်ပြန်/ဆက်)