အာဖဂန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတိုက်ခိုက်မှု နှစ်ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုအနီးတွင် တိုက်ခိုက်မှုဖြစ်ပွားရာ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

 

တာလီဘန်များက ၄င်းတို့အဖွဲ့၏လက်ချက်ဟု ဆိုသည်။

 

ကဘူးလ်မြို့ ဆင်ခြေဖုံးရှိ Bagram Air ကွင်းအနီးတွင် ယမန်နေ့က ကားဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

ဆောက်လုပ်ဆဲ ဆေးဘက်ဆိုင်ရာ ဆေးရုံတစ်ခုအတွင်း တိုက်ခိုက်သူအချို့က ပိတ်ဆို့ တားဆီး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့နှင့် စစ်သွေးကြွများအကြား အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

ညွန့်ပေါင်း စစ်သားများအပါအဝင် လူပေါင်း ၇၆ ဦး ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

mdn

 

အမေရိကန်တပ်ဖွဲ့ဝင်များနှင့်ကျေးဇူးတော်နေ့ အားလပ်ရက်များ ကျင်းပရန် နိုဝင်ဘာလ ၂၈ရက်နေ့က အာဖဂန်အခြေစိုက်စခန်းကို အံ့အားသင့်ဖွယ်သွားရောက်မှုတစ်ခုကို သမ္မတ ဒေါ်နယ်ထရန့်က ပြုလုပ်ခဲ့သည်။

 

ခရီးစဉ်များအတွင်း အာဖဂန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်သွားမည်ဟု ထရန့်က ကြေညာခဲ့သည်။

 

၎င်းတို့က ယခုလအတွင်း တိုက်ခိုက်မှုကို ပြန်လည်စတင်ခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများတွင် အစွန်းရောက်တိုက်ခိုက်မှုများ အတွက် တာလီဘန်များသည် အကြမ်းဖက်မှုသည် ၎င်းတို့၏ တိုက်ခိုက်မှုကို စွမ်းရည်ပြသမှု တစ်ခုအဖြစ် ရှုမြင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်