အာရောဂျံ လူမှုကူညီရေးအသင်းကြီး၏ (၇)နှစ်ပြည့် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

မော်လမြိုင်ကျွန်း ၄  ဇန်နဝါရီ

မော်လမြိုင်ကျွန်းမြို့၊  အာရောဂျံ လူမှုကူညီရေး အသင်းကြီး၏ (၇) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၃ နာရီက အာရောဂျံအသင်း ရုံးရှေ့တွင် ကျင်းပသည်။

 

mdn

 

မြို့ပေါ်ရှိ သံဃာတော်အရှင်မြတ်များနှင့်  သီလရှင်ဆရာကြီး၊  ဆရာလေးများအား  ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုစုံလင်စွာဖြင့်  ကြည်ညိုသဒ္ဒါတရား ထက်သန်စွာ လောင်းလှူပူဇော်ကြပါသည်။

အဆိုပါဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် မြို့ပေါ်ရှိ ပြည်သူအလှူရှင်များမှ အာရောဂျံ လူမှုကူညီရေးအသင်းရုံးရှေ့မှ မဟာဗန္ဓုလ လမ်းမကြီး တစ်လျောက်   အလှူခံမဏ္ဏပ်များတွင်  စည်ကားသိုက်မြိုက်စွာ လောင်းလှူကြကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn