အာရှပစိဖိတ်ဒေသဆိုင်ရာ ဝိုင်အမ်စီအေအဖွဲ့ချုပ် အမှုဆောင်ကော်မတီ အစည်းအဝေးတွင် မြန်မာဝိုင်အမ်စီအေဖွဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင်များ Video Conferencing ဖြင့် ပါဝင်ဆွေးနွေး

ရန်ကုန် ၄ ဇူလိုင်

 

အာရှပစိဖိတ်ဒေသဆိုင်ရာ ဝိုင်အမ်စီအေအဖွဲ့ချုပ် အမှုဆောင်ကော်မတီ အစည်းအဝေးကို ဇူလိုင် (၂)ရက်နှင့် (၃)ရက်တို့တွင် ကျင်းပရာ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဝိုင်အမ်စီအေအဖွဲ့ချုပ် ဥက္ကဋ္ဌ Prof.Chen Chin-Seng နှင့် အထွေထွေအတွင်းရေးမှူး Mr.Nam Boo Won နှင့် အမှုဆောင်ကော်မတီဝင်များ၊ နိုင်ငံအသီးသီးမှ ဝိုင်အမ်စီအေ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးများ ကမ္ဘာ့ဝိုင်အမ်စီအေအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Mr.Carlos Senvee နှင့် အမှုဆောင်ကော်မတီဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဝိုင်အမ်စီအေအဖွဲ့ချုပ် ဥက္ကဋ္ဌ Prof.Chen Chin-Seng က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မိတ်ဖက်အဖွဲ့စည်း တာဝန်ရှိသူများက ဂုဏ်ပြုစကားပြောကြားခြင်း၊ ပြီးခဲ့သည့် အစည်းအဝေးမှတ်တမ်းများကို တင်ပြခြင်း၊ ဆုတောင်းမင်္ဂလာပြုခြင်း၊ ငွေစာရင်းရှင်းတမ်းနှင့် ဘတ်ဂျက်များတင်ပြခြင်း၊ မဟာဗျူဟာဆိုင်ရာ အစီအစဉ်များတင်ပြခြင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထိခိုက်မှုများတင်ပြခြင်း၊ ကမ္ဘာ့ဝိုင်အမ်ဆီအေ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်က လုပ်ငန်းအစီအစဉ်များ တင်ပြခြင်း၊ ရှေ့လုပ်ငန်းအစီအစဉ်များ ဆွေးနွေးခြင်းများ ပြုလုပ်ကြသည်။

 

ယင်း အာရှပစိဖိတ် ဒေသဆိုင်ရာ ဝိုင်အမ်စီအေအဖွဲ့ချုပ် အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပမှုကို မြန်မာဝိုင်အမ်စီအေအဖွဲ့ ဥက္ကဋ္ဌ ဦးသာစိန်၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဝင်း၊ အကျိုးဆောင် အမှုဆောင်အတွင်းရေးမှူး ဦးဌေးဝင်းရွှေ၊ လူငယ်လက်ထောက်အတွင်းရေးမှူး နန်းယွန်းပြည့်စုံတို့က ရန်ကုန်မြန်မာဝိုင်အမ်စီအေ အဖွဲ့ချုပ်ရုံးမှလည်းကောင်း၊ ဩစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယား၊ နီပေါ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ ထိုင်း၊ တီမောလက်စ် တို့မှ ကိုယ်စားလှယ်များက ၎င်းတို့နိုင်ငံ သီးသီးမှလည်းကောင်း Video Conferencing စနစ်ဖြင့် ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။

 

သတင်းစဉ်