အဆိုတော်တေလာဆွစ်ဖ်ရဲ့ ဖခင်နှင့် ဖောက်ထွင်းသူခိုးတို့ လုံးထွေးသတ်ပုတ်မှုဖြစ်ပွား

၁၉ ဖေဖော်ဝါရီ

 

တေလာဆွစ်ဖ်ရဲ့ ဖခင် ပိုင်ဆိုင်ထားတဲ့ ဖလော်ရီဒါရှိ အမေရိကန်ဒေါ်လာ လေးသန်းတန် မိုးပျံတိုက်ခန်းအတွင်းကို ဖောက်ထွင်းသူခိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၇ နှစ်အရွယ် စကော့ဆွစ်ဖ်ဟာ ဇန်နဝါရီ ၁၇ ရက် ည ၁ဝ နာရီမှာ ဗီနွိုင်းပဲလေ့တာဝါမှာရှိတဲ့ သူ့ရဲ့ တိုက်ခန်းကို ပြန်လာခဲ့ပါတယ်။

 

အိမ်ထဲရောက်တဲ့အခါမှာတော့ ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် တားရန့်စ်ဟူးဗာကို တွေ့ခဲ့ပါတယ်။ ဟူးဗာကတော့ အရေးပေါ်ထွက်ပေါက် လှေကားကို အသုံးပြုပြီး ၁၃ ထပ်ကို တက်ခဲ့ပါတယ်။ အဲဒီနောက် စကော့ဆွစ်ဖ်ရဲ့ တိုက်ခန်းအတွင်းကို ဝင်ရောက်နေခဲ့တယ်လို့ ဒေသ ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ တမ်ပါဘေတိုင်းမ်စ်မှာ ဖော်ပြထားပါတယ်။

 

ဟူးဗာဟာ ထွက်မပြေးမီ စကော့ဆွစ်ဖ်နဲ့ လုံးထွေးသတ်ပုတ်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက တေလာဆွစ်ဖ်ကတော့ ဖခင်ဖြစ်သူနဲ့အတူ ရှိမနေခဲ့ပါဘူး။ ဟူးဗာ ဟာ ရဲတွေကို တိမ်းရှောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ အဖမ်းခံခဲ့ရပါတယ်။ ဟူးဗာဟာ အရင်တုန်းကလည်း ဖောက်ထွင်းမှု၊ ပြန်ပေးဆွဲမှုတွေနဲ့ အဖမ်းခံခဲ့ရဖူးတယ်လို့ သိရပါတယ်။ အခုအခါမှာတော့သူ့ကို ဖောက်ထွင်းမှုနဲ့ တရားစွဲဆိုထားပါပြီ။

 

ဒေးလီးမေးလ်