အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရရှိ‌‌သော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်

mdn

အောင်လံ ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိ‌သော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးချစ်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းမှ ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ဆရာကြီး ဦးသန်းထွန်းမှ စာစီစာကုံးပြိုင်ပွဲ အမှတ်ပေးအကဲဖြတ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသော တာဝန်ရှိသူများမှ ဆုရကျောင်းသား/ ကျောင်းသူများအား ဆုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော (၇၅)နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ စသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)