AIBD မှ စီစဉ်ကျင်းပသော TOT ဆွေးနွေးပို့ချမှုတွင် MRTV မှ ဝန်ထမ်းများ Online ဖြင့် ပါဝင်တက်ရောက်

ရန်ကုန် ၆  ဇူလိုင်

 

အာရှဖစိဖိတ်ဒေသ ရုပ်သံထုတ်လွှင့်သူများ အဖွဲ့အစည်း Asia Pacific Institute for Broadcasting Development (AIBD) မှ ဇူလိုင် ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည့် (AIBD) Regional Online Workshop on Training of Trainers (TOT) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ MRTV မှ ဝန်ထမ်းများ Online ဖြင့် ပါဝင်တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲကို ကမာ္ဘတစ်ဝန်းတွင် ကြုံတွေ့လျက်ရှိသော COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု ကာလအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုနှင့် အခက်အခဲများ၊  ပြောင်းလဲမှုများ နှင့်အညီ မီဒီယာကဏ္ဍမှလည်း အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရန် မည်သို့ စီစဉ်ဆောင်ရွက်နိုင်မည် ဆိုသည့်အချက်ကို ရည်ရွယ်၍ ဇူလိုင် ၆ ရက်မှ  ၁၀ ရက်ထိ ပထမအကြိမ် ကျင်းပခြင်းဖြစ်ပြီး ယနေ့ဆွေးနွေးပွဲတွင် လုပ်ငန်းခွင်များအတွင်း သင်တန်းများ မည်သို့ဖွင့်လှစ်နိုင်မည်၊ စနစ်တကျ ဖွင့်လှစ်နိုင်ရန် မည်သို့ချဉ်းကပ် ဆောင်ရွက်ရမည်၊ အရည်အချင်းရှိသည့် နည်းပြတစ်ဦးအတွက် လိုအပ်ချက်များ စသည်ဖြင့် ဆွေးနွေးပို့ချခြင်း ဖြစ်သည်။

 

ဆွေးနွေးပွဲသို့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊  ကမ္ဘောဒီးယား၊ မော်လ်ဒိုက်၊ ‌မော်ရေးရှား စသည့်နိုင်ငံများမှ သင်တန်းသားများနှင့်အတူ မြန်မာနိုင်ငံမှ MRTV နှင့် MITV တို့မှ ဝန်ထမ်း ခြောက်ဦးတို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း၊ ဒုတိယအကြိမ် သင်တန်းကို ဇူလိုင်  ၂၀ ရက်မှ  ၂၄ ရက်အထိ ဆက်လက်ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း AIBD အနေဖြင့်  ရုပ်သံထုတ်လွှင့်သူများအတွက် သိသင့်သိထိုက်သော မီဒီယာဆိုင်ရာ ဗဟုသုတများ၊ နည်းပညာများကို မျှဝေပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်