အီဂျစ်နိုင်ငံတောင်ပိုင်း၌ ယာဉ်မတော်တဆဖြစ်ပွားသဖြင့် ၁၂ ဦး သေဆုံး

ဩဂုတ် ၁၁

 

အီဂျစ်နိုင်ငံတောင်ပိုင်း အာ့ဆွန်း-ကိုင်ရို လမ်းမပေါ်တွင် ယမန်နေ့က ဘတ်စ်အသေးတစ်စီးနှင့် ထရပ်ကားတစ်စီးတို့တိုက်မိပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

 

ထိုထရပ်ကားကဘတ်စ်အသေးကိုဝင်ကြိတ်မိသဖြင့် ၎င်းယာဉ်ပေါ်ပါခရီးသည်အားလုံးသေဆုံးသွားခဲ့ကြောင်း အာ့ဆွန်းလူနာတင်ယာဉ်အဖွဲ့၏မန်နေဂျာ မိုဟာမက်အယ်လ်-ဒစ်ဟီလီက သတင်းထောက်များကို ပြောကြားသည်။ ဘတ်စ်အသေးယာဉ်မောင်း၏ အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ထိုမတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

လူနာတင်ယာဉ် ၁၃ စီးသည် ထိုမတော်တဆမှုဖြစ်ပွားရာနေရာသို့သွားရောက်ကာ ဒဏ်ရာရသူများကို အာ့ဆွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူများကို လူသေရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

 

အီဂျစ်နိုင်ငံတွင် လမ်းတည်ဆောက်ထိန်းသိမ်းမှုညံ့ဖျင်းပြီး ယာဉ်စည်းကမ်းလိုက်နာမှုလျော့ရဲရဲနိုင်မှုတို့ကြောင့် ယာဉ်မတော်တဆမှုများ အများအားဖြင့် ဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို