အီရန်တိုက်စစ်မှူးအလီဒါယီရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒို

ပရီမီယာလိဂ်ကလပ် မန်ယူအသင်းက လောလောလတ်လတ်ပြန်လည်ခေါ်ယူခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ အိုင်ယာလန်အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် အီရန်တိုက်စစ်မှူး အလီဒါယီရဲ့ နိုင်ငံတကာ သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အီရန်တိုက်စစ်မှူး အလီဒါယီဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း အီရန်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်တွေမှာ သွင်းဂိုး ၁၀၉ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အီရန်တိုက်စစ်မှူး အလီဒါယီရဲ့ နိုင်ငံတကာသွင်းဂိုးစံချိန်ကို လိုက်မီခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ တိုက်စစ်မှူးစီရိုနယ်လ်ဒိုအနေနဲ့ တိုက်စစ်မှူး အလီဒါယီရဲ့ နိုင်ငံတကာသွင်းဂိုးစံချိန်ကို နှစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် နိုင်ငံလက်ရွေးစင်အသင်းတွေနဲ့အတူ ဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့တဲ့ကစားသမားတွေကတော့ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ပွဲစဉ် ၁၈ဝ မှာ ၁၁၁ ဂိုး၊ အီရန်တိုက်စစ်မှူး အလီဒါယီဟာ ပွဲစဉ် ၁၄၉ ပွဲမှာ ၁၀၉ ဂိုး၊ မလေးရှားတိုက်စစ်မှူး ဒါဟာရီဟာ ပွဲစဉ် ၁၄၂ ပွဲမှာ ၈၉ ဂိုး၊ ဟန်ဂေရီ တိုက်စစ်မှူး ပွတ်၍ကပ်စ်ဟာ ပွဲစဉ် ၈၉ ပွဲမှာ ၈၄ ဂိုး၊ ဇမ်ဘီယာတိုက်စစ်မှူး ချီတာလူဟာ ပွဲစဉ် ၁၀၈ ပွဲမှာ ၇၉ ဂိုး၊ အီရတ်တိုက်စစ်မှူး ဟူစိန်ဆာအိဟာ ပွဲစဉ် ၁၃၇ ပွဲမှာ ၇၈ ဂိုး၊ ဘရာဇီးတိုက်စစ်မှူး ပီလီဟာ ပွဲစဉ် ၉၂ ပွဲမှာ ၇၇ ဂိုး၊ ယူအေအီးတိုက်စစ်မှူး မက်ကောက်က ပွဲစဉ် ၉၂ ပွဲမှာ ၇၆ ဂိုး၊ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပွဲစဉ် ၁၄၉ ပွဲမှာ ၇၆ ဂိုး အသီးသီးသွင်းယူထားကာ စံချိန်တင်ထားတာဖြစ်ပါတယ်။

ငွေကြယ်