အီတေးဝန်က ကလပ်တစ်ခုကို နှာခေါင်းစည်း ဝတ်ဆင်ခြင်းမရှိဘဲ သွားရောက်ခဲ့တဲ့ ဂျူရီ

၁၂  မေ

တောင်ကိုရီးယားအမျိုးသမီး တေးဂီတအဖွဲ့ KARA ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဂျူရီဟာ လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက‌ေမှုတွေကြောင့် အသွားအလာကန့်သတ်ထားတဲ့ ကာအတွင်း အီတေးဝန်မှာရှိတဲ့ ကလပ်တစ်ခုကို နှာခေါင်းစည်းဝတ်ဆင်ခြင်းမရှိဘဲ သွားရောက်ခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အီတေးဝန်ရဲ့ ကလပ်တစ်ခုကို သွားရောက်ခဲ့သူတွေ ကိုရိုနာဗိုင်းရပ်စ်အစုလိုက် ကူးစက်ခံရမှုတွေ့ရှိခဲ့ရကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြခဲ့ကြပြီး ဂျူရီဟာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး သယ်ဆောင်သူသွားရောက်ခဲ့တဲ့ ကလပ်တွေထဲကတစ်ခုကို သွားရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့တဲ့ ဗီဒီယိုမှာ ဂျူရီဟာ KARA ရဲ့ တေးသီချင်းတစ်ပုဒ် ဖွင့်ထားချိန်မှာ ကနေပြီး မျက်နှာမှာ နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိတာကိုလည်း တွေ့ရ ကြောင်းလည်း သိရပါတယ်။

အေးပြည့်