အီတလီတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၂၉ ဦး  ရှိလာ

၁၀ ဇူလိုင်

 

 

အီတလီ နိုင်ငံတွင် ဇူလိုင် ၈ ရက်နေ့က ရောဂါကူးစက်ခံရသူ ၁၉၃ ဦး ရှိပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၂၂၉ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ပြောကြားခဲ့သည်။

 

 

ရောဂါထပ်မံ ကူးစက်ခံရသူများအနက် ထက်ဝက်ကျော်မှာ ကူးစက်မှု အမြင့်ဆုံး ဒေသဖြစ်သော Lombardy ဒေသ တွင် ကူးစက်ခံရသူ ၁၁၉ ဦး ရှိသည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက် ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၁၂ ဦးရှိကြောင်း ဖော်ပြထားသည်။

 

 

နိုင်ငံအတွင်း ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးမှုပေါင်း ၃၄၉၂၆ ဦး ရှိသည်။

 

 

လက်ရှိတွင် ရောဂါကူးစက်ခံရသူများ၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူများ အပါအဝင် ၂၄၂၃၆၃ ဦးရှိပြီး ရောဂါကူးစက် ခံရမှုနှင့် နေ့စဉ်သေဆုံးမှုသည် ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်အတွင်း ဖြည်းဖြည်းချင်း လျော့နည်းလာသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

2429