အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်း ၂၀ နီးပါးအတွင်း အမြင့်ဆုံး အပူချိန်ကို ကြုံတွေ့နေရ

၂၇ မေ

 

အိန္ဒိယနိုင်ငံမှာ  အပူချိန်ဟာ ၅၀ ဒီဂရီစင်တီဂရိတ် (၁၂၂ ဒီဂရီဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့တဲ့အတွက်  အဲဒီအပူချိန်ဟာ နှစ်ပေါင်း (၂၀) နီးပါး အတွင်း မေလရဲ့ အပူးဆုံးနေ့အဖြစ် မေ ၂၆ ရက်က  စံချိန်တင် သွားခဲ့တယ်လို့ သိရပါတယ်။

 

ရာဂျာသန်ပြည်နယ်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ ချူရူးမှာ အပူချိန်ဟာ ၅၀ ဒီဂရီစင်တီဂရိတ်ရှိနေပြီး ပန်ဂျပ်၊ ဟာရာနာ နဲ့ အူထရာ ပရာဒတ်ချ်ပြည်နယ်တွေမှာတော့ အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် မြို့တော် နယူးဒေလီရဲ့ အပူချိန်ဟာ ၄၇.၆ ဒီဂရီစင်တီဂရိအထိရှိခဲ့တာကြောင့် နှစ်ပေါင်း ၁၈ နှစ်အတွင်းမှာ မေလရဲ့ အပူဆုံးရက်အနေနဲ့ မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။

 

ဒီသီတင်းပတ်အကုန်အထိ အပူချိန်က ဆက်လက်မြှင့်နိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် လူတွေကို အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

 

အခုချိန်ထိ အပူလှိုင်းဖြတ်တဲ့အတွက် သေဆုံးသူ မတွေ့ရှိသေးပေမယ့် ၂၀၁၅ ခုနှစ်ကစပြီး အပူရှိန်ကြောင့် လူပေါင်း ၃၅၀၀ လောက်သေဆုံးခဲ့တယ်လို့ အစိုးရက မနှစ်က ထုတ်ပြန်ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ  အပူလှိုင်းကြောင့် လူပေါင်း နှစ်ဆယ်ကျော် သုံးဆယ်သာ သေဆုံးခဲ့ပြီး အခုနှစ်ပိုင်းတွေမှာ အပူရှိန်ကြောင့် သေဆုံးသူနည်းပါလာတယ်လို့ သိရပါတယ်။

 

လူဦးရေ ၁.၃ ဘီလီယံနေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ  သန်းချီတဲ့လူတွေဟာ ပူပြင်းတဲ့ရာသီမှာ သောက်သုံးရေ ပြတ်လပ်မှုကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

 

MDN

ကိုးကား-AFP