အိန္ဒိယနိုင်ငံ၌ ငါးရက်ဆက်တိုက် နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နှစ်သိန်းကျော် ရှိခဲ့

နယူးဒေလီ ဇန်နဝါရီ ၁၈

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၈၀၈၉ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ယင်းသို့နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော်ရှိခဲ့သည်မှာ ငါးရက်ဆက်တိုက် ရှိသွားပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၇၃၈၀၂၅၃ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ။

 

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၈၅ ဦးထပ်တိုး လာခြင်းကြောင့် အဆိုပါရောဂါကြောင့် သေဆုံးသူ ပေါင်း ၄၈၆၄၅၁ ဦးရှိလာကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာပေါင်း ၁၆၅၆၃၄၁ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ၊ ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၁၅၁၇၄၀ ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၃၅၂၃၇၄၆၁ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ ။

 

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ရှိနေသည့်အပြင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည်လည်း စုစုပေါင်း ၈၂၀၉ ဦး ရှိလာကြောင်း သိရသည်။ ။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်