အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားသူပေါင်း ကိုးသန်းကျော်ရှိပြီဖြစ်

၂၃ နိုဝင်ဘာ

 

 

အိန္ဒိယနိုင်ငံတွင် တနင်္လာနေ့ နံနက်ပိုင်းအထိ  ကိုဗစ်-၁၉ ကူးစက်ခံရသူ အသစ် ၄၄၀၅၉ ဉီး ရှိခဲ့ပြီနောက် ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၉၁၃၉၈၆၅ ဉီးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်များအရ သိရသည်။

 

 

တနင်္ဂနွေနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ လူနာ ၅၁၁ ဉီး သေဆုံးခဲ့ပြီးနောက် စုစုပေါင်း သေဆုံးသူ ၁၃၃၇၃၈ ဉီး ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

 

 

နိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ စမ်းသပ်သည့် နေရာများကို တိုးချဲ့သွားရန် ပြည်နယ်အစိုးရက စီစဉ်လျက်ရှိသည်။

 

 

တနင်္ဂနွေနေ့ကအထိ ကိုဗစ်-၁၉ စပ်းသပ်စစ်ဆေးမှုပေါင်း ၁၃၂၅၈၂၇၃၀ ဉီး ပြုလုပ်ခဲ့ကြောင်း အိန္ဒိယဆေးဘက်ဆိုင်ရာ သုတေသန ကောင်စီက တနင်္လာနေ့ (ယနေ့)တွင် ထုတ်ပြန်ခဲ့သည်။

 

 

အိန္ဒိယနိုင်ငံ ဇီဝနည်းပညာကုမ္ပဏီ Bharat Biotech International Limited မှ ထုတ်လုပ်လျက်ရှိသည့် ကိုဗစ် ကာကွယ်ဆေး Covaxin ၏တတိယအဆင့် စမ်းသပ်မှုကို ပြီးခဲ့သည့် သောကြာနေ့က ပြုလုပ်ခဲ့သည်။

 

 

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ဉီးဆောင်ပြီး တိုင်းပြည်တွင်း ကာကွယ်ဆေးထိုးသည့် မဟာဗျူဟာကို ပြန်လည် သုံးသပ်သည့်   အစည်းအဝေး တစ်ခုကို သောကြာနေ့က ပြုလုပ်ခဲ့သည်။

 

 

ထိုအစည်းအဝေးပွဲတွင် ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်ပြီးသည်နှင့် တစ်ပြိုင်နက် ကာကွယ်ဆေး ထုတ်လုပ်ရေးနှင့် လူဉီးရေအလိုက် ဉီးစားပေးမှုများနှင့် ကာကွယ်ဆေး ဖြန့်ဖြူးရန်အတွက် နည်းပညာ ပလက်ဖောင်းများကို ဝန်ကြီးချုပ်က ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်