အိန္ဒိယတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၃၃၇ ဦး၊ ကူစက်ခံရသူ ၁၅၀၀၀၀ ကျော် ရှိလာ

၂၇ မေ

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက်မှာ ၁၅၁၇၆၇ ဦး အထိရှိလာပြီး  သေဆုံးသူပေါင်း ၄၃၃၇ ဦး ရှိသည်ဟု အိန္ဒိယ ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၆၃၈၇ ဦး နှင့် သေဆုံးသူ ၁၇၀ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

 

နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၄၅၃၈၀ ဦး နှင့် သေဆုံးသူပေါင်း ၄၁၆၇ ဦး ရှိသည်ဟု ယမန်နေ့မနက်က သတင်းထုတ်ပြန်ထားသည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ယခုအထိ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူပေါင်း ၆၄၄၂၆ ဦး ရှိပြီ ဖြစ်သည်။

 

ယနေ့သည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဗဟိုအစိုးရက ကြေညာခဲ့သော နိုင်ငံတစ်ဝှမ်း အသွားအလာကန့်သတ်ပိတ်ပင်မှုပြုလုပ်ထားသည့်  ၆၄ ရက်မြောက်နေ့ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို