အိုင်အက်စ်အဖွဲ့နဲ့ ဆက်စပ်တဲ့ အကောင့်တွေကို TikTok မှဖယ်ရှား

၂၂ အောက်တိုဘာ

 

 

တရုတ်ကုမ္ပဏီ ဘိုက်ဒန့်စ် (ByteDance)ရဲ့ တစ်တော့ (TikTok) အက်ပလီကေးရှင်းမှာ အိုင်အက်စ်ရဲ့ ဝါဒဖြန့်ချိရေး ဗီဒီယိုတင်ခဲ့တဲ့ အကောင့်တွေကို ဖယ်ရှားခဲ့ကြောင်း ဒီကနေ့ (အင်္ဂါနေ့)မှာ ကုမ္ပဏီက ပြောကြားပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များတဲ့ တစ်တော့ အက်ပလီကေးရှင်း သုံးစွဲသူပေါင်း သန်း ၅၀၀ ကျော်ရှိ ၂၀၁၈ ခုနှစ် စာရင်းအရ သိရပါတယ်။

 

 

အိုင်အက်စ်နဲ့ ဆက်နွယ်တဲ့ အကောင့် ၁၀ ခုနီးပါးကို ဖယ်ရှားခဲ့ကြောင်း၊ အိုင်အက်စ်အဖွဲ့နဲ့ ဆက်စပ်တဲ့ အကောင့်က တင်ထားတဲ့ ဗီဒီယိုတစ်ခုကို မဖယ်ရှားခင်မှာ ကြည့်ရှု့သူ ဆယ်ဂဏန်းရှိကြောင်း ပြောပါတယ်။

 

 

အဲဒီဗီဒီယိုမှာ လူသေကောင်တွေနဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားဟာ သေနတ်တွေကိုင်ပြီး လမ်းပေါ်မှာ ချီတက်ပုံ၊ ဗီဒီယိုမှာ အသဲပုံတွေ ကြယ်ပုံတွေ ပါရှိတဲ့အတွက် အပ်ပလီကေးရှင်း မျက်စိလှည့်သလိုမျိုး ဖြစ်နေကြောင်း the Wall Street ဂျာနယ်ရဲ့ မနေ့ကထုတ်သတင်းမှာ ရေးသားထားပါတယ်။

 

 

တစ်တော့ အပ်လီကေးရှင်းဟာ ၁၅ စက္ကန့်စာ ဗီဒီယိုအဖြစ် ထုတ်လွှင့်နိုင်ပြီး ဆယ်ကျော်သက်တွေကြားမှာ အထူးလူကြိုက်များပါတယ်။

 

 

MDN

ကိုးကား - AFP