အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျွန်းစု၌ ကျင်းပ

ကျွန်းစု ၅ ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြီးမှူး၍ (၂၀၁၉ - ၂၀၂၀) ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်က အ.ထ.က ကျွန်းစု၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် စစ်ဆေးမည့် အခြေခံပညာအလယ်တန်း (Grade – 9) စာမေးပွဲ နမူနာမေးခွန်းနှင့် အမှတ်ပေး စည်းမျဉ်းများအား  ဆရာ/ဆရာမ(၆)ဦးတို့က ဆွေးနွေးပို့ချခဲ့ကြသည်။

 

ဆွေးနွေးပွဲသို့ ကျွန်းစုမြို့နယ်အတွင်းရှိ ကျောင်းအသီးသီးမှ ဆရာ(၃၃)ဦး၊ ဆရာမ(၂၈၄)ဦး၊ စုစုပေါင်း (၃၁၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

စည်သူရအောင် (ကျွန်းစု)