အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆန်းစစ်အကဲဖြတ်မှု အခြေအနေ

၁၇  ဩဂုတ်

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဒေသအာဏာပိုင်များ၊ အခြေခံ ပညာဦးစီးဌာန၊ မိဘ၊ ဆရာအသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့များ ဖွဲ့စည်း၍ ၁၇-၇-၂၀၂၀ ရက်နေ့မှစ၍ ၁၆-၈၂၀၂၀ ရက်နေ့အထိ အခြေခံပညာ အထက်တန်း အဆင့်ကျောင်း စုစုပေါင်း ၇၁၇၃ ကျောင်းများအနက် ၇၁၁၁ ကျောင်းတို့အား ဆန်းစစ်အကဲဖြတ် ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်သော (A အဆင့်) ကျောင်း ၆၉၉၂ ကျောင်း၊ ဖြည့်ဆည်း ရန် လိုအပ်သော (B အဆင့်) ကျောင်း ၅၀၊ ဖြည့်ဆည်းရန် အထူးလိုအပ်သော (C အဆင့်) ကျောင်း ၆၉ ကျောင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။

သို့ဖြစ်ပါသဖြင့် ဆန်းစစ်အကဲဖြတ်မှုများကို ပြန်လည်စစ်ဆေးတွေ့ရှိချက်များအရ အချက်အလက် ပြည့်စုံမှုရှိသည့် အခြေခံပညာအထက် တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ၂၁-၇-၂၀၂၀ ရက်နေ့မှစ၍ ၁၆-၈-၂၀၂၀ ရက်နေ့ အထိ အဆင်သင့်ဖြစ်သော (A အဆင့်)ရရှိသည့် ကျောင်းပေါင်း ၄၆၇၅ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ခွင့်ပြုပြီးဖြစ်ပါသည်။

ဆက်လက်၍ ဖြည့်ဆည်းရန် လိုအပ်ချက်ရှိသော ကျောင်းအားလုံးတို့ကိုအမြန်ဆုံးပြန်လည် ဖြည့်ဆည်းပြီး ဆန်းစစ်အကဲဖြတ်မှုများ ထပ်မံဆောင်ရွက်၍ အချက်အလက်ပြည့်စုံမှုရှိပါက ဆက်လက်ဖွင့်လှစ်ရန် ခွင့်ပြုနိုင်ရေး စီစဉ်သွားမည် ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန