အကြမ်းဖက်လုပ်ရပ်များကို ထိရောက်စွာဟန့်တား

နေပြည်တော် သြဂုတ် ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မတရားအသင်းသတ်မှတ်ထားသည့် CRPH နှင့် NU လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အပေါင်းပါတို့အား ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။ ယခု အခါ မြို့ရွာများတွင် ခိုအောင်းနေသော အကြမ်းဖက်အဖျက်သမား သောင်းကျန်း သူများနှင့် အားပေးအားမြှောက် ပါဝင်ပတ်သက်သူများကို ရှာဖွေဖော်ထုတ်ဖမ်းဆီး အရေးယူနေသည့် သတင်းများကို နေ့စဉ်မြင်တွေ့ကြားသိနေရသည်။

 

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ နိုင်ငံရေးအပြောင်း အလဲဖြစ်လာမှုကို အကြောင်းပြုကာ ဆူပူလှုပ်ရှားအကြမ်းဖက်မှုများ ပြုလုပ်လာကြသည်။ ဒီမိုကရေစီ မျက်နှာဖုံးစွပ်ထားသူများက အကြမ်းဖက်မှု များကို အားပေးလုပ်ကိုင်လာကြသည်မှာ အဖျက်သမားဇာတိရုပ်ကို လှစ်ဟပြလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် မတူကွဲပြားသည့် လူမျိုးရေး၊ ဝါဒရေးအရ လက်နက်ကိုင်အဖွဲ့ အဖြစ် ရပ်တည်နေကြသည်ကို ဆိုဖွယ်ရာ မရှိသော်လည်း တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးဟုပြောဆိုကာ အစွန်းရောက် နိုင်ငံရေး သမားများနှင့် ပူးပေါင်း၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လာခြင်းမှာမူ မရိုးမဖြောင့်လုပ်ကိုင် ခြင်းသာဖြစ် သည်။

 

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းရင်းသား အရေးကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် ဒီမိုကရေစီအခွင့် အရေးကြောင့် ပေါ်ပေါက်လာခဲ့သည်။ တိုင်းရင်းသား အရေးသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

တပ်မတော်သည် ငြိမ်းချမ်းရေးကို အလေးထားသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးကို သက်တမ်းကာလတိုးမြှင့်ပေးလျက် ရှိသည်။ သို့သော် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့သည် ဒီမိုကရေစီ ကျင့်စဉ်များ၊ ဥပဒေ၊ စည်းကမ်း၊ ညွှန်ကြားချက် ထုတ်ပြန်ချက်များအား ဖောက်ဖျက်လုပ်ကိုင်လာကြသည်ကို တွေ့ရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး(၁၄၂၀၂၁) တွင် ဒီမိုကရေစီကျင့်စဉ်အား နိုင်ငံသားတိုင်း၊ တိုင်းရင်းသားတိုင်းသိရှိပြီး လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် လိုက်နာမှုမရှိဘဲ အချင်းချင်းပဋိပက္ခဖြစ်ပွားမှုများရှိပြီး အကြောင်းမဲ့ သတ်ဖြတ်မှုများရှိကြောင်း၊ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဒီမိုကရေစီကျင့်စဉ်များကို လိုက်နာရန်လိုကြောင်း၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့နယ်မြေအတွင်း ဒီမိုကရေစီအလေ့အထများဖြစ်သည့် ဥပဒေလေးစား လိုက်နာခြင်း၊ စည်းကမ်းလေးစားလိုက်နာခြင်းနှင့် လူ၏တန်ဖိုးကို တန်ဖိုးထားခြင်းများ လိုက်နာဆောင်ရွက် ရန်လိုပြီး ဒီမိုကရေစီလျော်ညီသည့် ကျင့်ကြံ၊ ပြောဆို လုပ်ကိုင်မှုများရှိရန်လိုကြောင်း ပြောကြားခဲ့သည်။

 

ယခုအခါ အစွန်းရောက်နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော် အားပေး လမ်းပြမှုကြောင့် မြို့ရွာအချို့မှ လူငယ်အချို့သည် လွတ်မြောက်ရာ EAOs ဒေသအချို့သို့ ရောက်ရှိခဲ့သည်။ ထိုဒေသမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကစစ်သင်တန်းပေးခြင်း၊ ဖောက်ခွဲရေးသင်တန်းပေးခြင်း၊ လက်နက်ရရှိရေးဆောင်ရွက် ပေးခြင်း၊ မြို့ပေါ်သို့ပြန်လည်စေလွှတ်၍ အဖျက်လုပ်ရပ်များလုပ်ကိုင်နိုင်ရန် အားပေးကူညီခြင်း၊ တပ်သားသစ်စု ဆောင်းခြင်းတို့သည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းတစ်ခု၏ လိုက်နာရမည့်အချက်များကို ဖောက်ဖျက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဩဂုတ်လ၁၄ရက်နေ့ကဟိုပင်မြို့တွင် KIA လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့ထံ ရိက္ခာထောက်ပံ့ပေး သော KIA အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ မြို့ပေါ်မှ အကြမ်းဖက်သောင်းကျန်း သူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပေါ်ပေါက်ခဲ့သည်။ ရိက္ခာထောက်ပံ့ရေး၊ သောင်းကျန်းသူလက် အောက်တွင် ဖြန့်ခွဲ ထားရေးတို့ကို သိရှိကြရသည်။

 

မြန်မာနိုင်ငံတွင် ဆူပူအကြမ်းဖက်သောင်းကျန်းမှုများ ဖြစ်ပေါ်လျက်ရှိရာ တွင်လွတ်မြောက်ရာနယ်မြေမှ CRPH နှင့် NUGတို့၏သွေးထိုးလှုံ့ဆော်မှု၊ ထောက်ပံ့ အားပေးမှုများကြောင့် ပြည်တွင်း၌ အကြမ်းဖက်အဖျက်သမားများ ပေါ်ပေါက် လာရသည်။ စောင့်စည်းလိုက်နာခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူအချို့က အဖျက်သမားများကိုအားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။ တိုင်းပြည်မတည်မငြိမ်ဖြစ်ပြီး ပျက်စီးရေးအတွက် သွေးထိုးလှုံ့ဆော်ပေးသူများ၊ အားပေးကူညီသူများ၊ ပါဝင်ဆောင်ရွက်ကြသူများအားလုံးတို့သည် အကြမ်းဖက် အဖျက်သမားလုပ်ရပ်များသာဖြစ်၍ ၎င်းတို့အားလုံးကို ဝိုင်းဝန်းဖော်ထုတ်၍ ရှင်းလင်းဖယ်ရှားရမည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည် မပြိုကွဲ မပျက်စီးရေးအတွက် သောင်းကျန်းသူ အဖျက်သမားများ အား ဝိုင်းဝန်း ထုတ်ဖော်ကာ မြို့ရွာများတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများလူမှုဘဝ အဆင် ပြေစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အကြမ်းဖက်သမားများဖြစ်သော ပြည်တွင်းမှ အစွန်းရောက် NLD များ၊ အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NU လက်အောက်ခံ အကြမ်းဖက် အဖွဲ့ အစည်းများနှင့် KIA သောင်းကျန်းသူအဖွဲ့တို့၏ လုပ်ရပ်များ သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ၏ အကျိုး စီးပွားများအား ပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသဖြင့် အဆိုပါအကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူရမည်သာဖြစ်ပါကြောင်း။

ကြေးမုံ