အလောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ဘုရားဖူးရာသီလမ်း ယာယီလမ်းပိတ်ထားခြင်း ပြန်လည်ဖွင့်လှစ်

ကနီ ဇန်နဝါရီ      

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော်တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး ဘုရားဖူးရာသီလမ်းမှာ ဇန်နဝါရီ ရက်က မိုးရွာသွန်းမှုကြောင့် ဘုရားဖူးလမ်းကို ယာယီလမ်းပိတ်ထားရပြီး ယခု ဇန်နဝါရီ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း အလောင်းတော်ကဿပဘုရား ဂေါပက ဥက္ကဋ္ဌ ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။

 

ယင်းသို့ ဘုရားဖူးရာသီလမ်း ယာယီပိတ်ထားပြီး ဇန်နဝါရီလ ရက် ပြန်ဖွင့်သည်နှင့် ဘုရားဖူး အတက်အဆင်းကားများ အန္တရာယ်မရှိစေရေးအတွက် အလောင်းတော်ကဿပဘုရား ဘုရားဖူးကားအသင်းများနှင့်တွဲကာ ကားများကို တစ်စုတစ်စည်းတည်း အတက်အဆင်း ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

 

သန်းဌေးအောင်(ကနီ)