အများပြည်သူလေ့လာနိုင်စေရန် ရည်ရွယ်ပြီး ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်လှူဒါန်း

ရွှေဘို၊ ၁၇  ဇန်နဝါရီ

အများပြည်သူ လေ့လာနိုင်စေရန် ခရီးသွားလုပ်ငန်းအထောက်ကူပြု နိုင်စေရန်အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံ ရှေးဟောင်းပစ္စည်းများကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လာရောက်လှူဒါန်းသော သိမ်းဆည်းထားသည့်ရှေးဟောင်းပစ္စည်းများမှာ  ရှေးဟောင်း ပုရပိုက် အနက်ရောင် ၄၅ ခု ဆေးတံအိုး ၁၃ အိုး ၊သံလက်နက် ၇၅ ချောင်း ပုတီးတစ်ကုံး တို့ဖြစ်သည်။

ယခုကဲ့သို့ ရှေးဟောင်းပစ္စည်းများ လာရောက် လှူဒါန်းပေးအပ်ရခြင်းမှာ အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် ရွှေဘိုမြို့၌ မည်သူမဆို လေ့လာကြည့်ရှုနိုင်စေရန် အတွက် ရည်ရွယ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အလှူရှင် ကိုရာဇာအောင် ကပြောပြသည်။

ငွေအိုး (ကသာ)