အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အမဲသား ကြိုက်တဲ့သူတွေအတွက်တော့ ပျော်ပြီးရင်း ပျော်ရမယ့် ဆောင်းပါးလေးပါပဲ။ အမဲသားက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ယူဆောင်လာပေးနိုင်သလဲဆိုတာကို ဒီဆောင်းပါးထဲမှာ ဖော်ပြသွားမှာပါ။

 

၁။ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါ့အပြင် အနာအကျက်မြန်စေခြင်း၊ အားကစားသမားတွေအတွက် ဒဏ်ရာ သက်သာစေခြင်း၊ ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေနဲ့ တွဲဖက်လုပ်မယ်ဆိုရင် ကြွက်သားတွေကို ထိန်းထားနိုင်ပြီး ကြွက်သားတက်စေခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရရှိနိုင်ပါသေးတယ်။

 

၂။ အမဲသားဟာ သွေးတိုး၊ စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၂၇% ထိ လျော့ကျစေနိုင်ပါတယ်။

 

၃။ အမဲသားမှာ ပါဝင်တဲ့ L-carnitine က ဆီးချို အမျိုးအစား (၂) လူနာတွေအတွက် အကျိုးရှိစေပြီး သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရော ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

 

၄။ အမဲသားမှာ အထူးသဖြင့် သံဓာတ်၊ ဖော့စဖောရပ်စ်၊ ဆယ်လီနီယမ် နဲ့ ဇင့်တို့လို သဘာဝ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လူအများစုရဲ့ အာဟာချို့တဲ့ခြင်း ပြဿနာတွေကို အမဲသားနဲ့ အလွယ်တကူ ဖြေရှင်းလို့ ရပါတယ်။

 

၅။ သံဓာတ်အားနည်းတယ်၊ တစ်နည်းအားဖြင့် သွေးအားနည်းတယ်ဆိုတဲ့သူတွေအတွက် အမဲသားက နတ်ဆေးတစ်ပါးပါပဲ။ အထူးသဖြင့် နွားရဲ့အသည်းမှာ heme iron ပမာဏကြွယ်ဝစွာ ပါဝင်တာကြောင့် လိုအပ်တဲ့ သံဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

 

၆။ အမဲသားမှာ Carnosine ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြင့်တက်စေပြီး ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။

 

၇။ အမဲသားမှာ ဗီတာမင် B12, B3,B6, B2 နဲ့ B5 တွေ ကြွယ်ဝစွာ ပါဝင်ပြီး ဗီတာမင် E နဲ့ K အနည်းငယ် ပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာမှာကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

 

ဒါတွေကတော့ အမဲသားက ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေပါပဲ။ ဒါ့အပြင် လုပ်စားရတာလည်း အင်မတန် လွယ်တယ်မဟုတ်လား။ ချက်စားရမှာ ကြာတယ်ဆိုရင် အမဲသားပေါ် ဆားနဲ့ ငရုတ်ကောင်းလေး ဖြူးပြီး ထောပတ်လေးနည်းနည်းနဲ့ အိုးလူးကင်လိုက်ရင် Steak ဖြစ်သွားတာပဲလေ။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပြီး ကျန်းမာသန်စွမ်းတဲ့ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr. Thiha Phyo Myint

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”