အမ်ဘတ်ပီအား ရီးယဲလ်သို့ မပြောင်းရေး တစ်နှစ်ပေါင် ၄၁ သန်း ပီအက်စ်ဂျီပေးမည်

mdn

ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းဟာ ၂၀၂၁ ခုနှစ်မှာ ရီးယဲလ်မက်ဒရစ်အသင်းဆီသို့ တိုက်စစ်မှူး အမ်ဘတ်ပီပြောင်းရွှေ့ ကစားဖို့ရှိနေတာကြောင့် ရီးယဲလ်မက်ဒရစ်သို့ မပြောင်းရွှေ့ ရေး တစ်နှစ်လျှင် ပေါင် ၄၁ သန်း ပေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

 

ပီအက်စ်ဂျီအသင်းအနေနဲ့ အခုနှစ်နွေရာသီမတိုင်ခင်မှာ တိုက်စစ်မှူးအမ်ဘတ်ပီအား စာချုပ် သစ်ချုပ်ဆိုဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး ကမ္ဘာ့နာမည်ကြီး တိုက်စစ်မှူးတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ စီရိုနယ်လ်ဒိုတို့ရဲ့ လစာနှုန်းထားအတိုင်း ပေးသွားဖို့လည်း ဆန္ဒရှိနေတယ်လို့ ဆိုပါ တယ်။

 

တိုက်စစ်မှူးအမ်ဘတ်ပီဟာ ၂၀၁၈ ခုနှစ်က ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံ ဆုဖလားရယူပ ေးနိုင်ခဲ့ပြီးနောက် စပိန်လာလီဂါထိပ်တန်းကလပ် ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အမ်ဘတ်ပီရဲ့လက်ရှိပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၁၂လကျန်ရှ ိနေသေးတာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်က ၂၀၂၁ ခုနှစ်အတွင်းမှာ အသက် ၂၁ နှစ်အရွယ် အမ်ဘတ်ပီကိုစာချုပ် ချုပ်ဆိုခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ စပိန်သတင်းဌာန အေအက်စ်က ဖော်ပြထားပါတယ်။

 

လက်ရှိ ပီအက်စ်ဂျီအသင်းမှာ ဘရာဇီးတိုက်စစ်မှူးနေမာက တစ်ပတ်လုပ်ခလစာ ပေါင် ခြောက်သိန်းရရှိနေချိန်မှာ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီက တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀ဝ၀ သာ ရရှိထားတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက နောက်ထပ်ချုပ်ဆိုဖို့ စီစဉ်ထားတဲ့ စာချုပ်သစ်အစီအစဉ်အရ တိုက်စစ်မှူးအမ်ဘတ်ပီဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၇၅၀ဝ၀ဝ ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အမ်ဘတ်ပီဟာ အခုနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ၁၇ ပွဲမှာ ၂၃ ဂိုး သွင်းယူပေးထားတာ ဖြစ်ပါတယ်။

 

ငွေကြယ်