အမေရိကန် နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတ ဂျိုးဘိုင်ဒင် ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မြင်ကွင်း  

၂၁ ဇန်နဝါရီ

 

 

အမေရိကန် နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတသစ် ဂျိုးဘိုင်ဒင်နဲ့ ပထမဆုံး အမျိုးသမီး ဒုတိယ သမ္မတ ကာမာလာဟဲရစ် တို့ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတနဲ့ ဒုတိယ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ ကြပါတယ်။

 

 

သမ္မတ ဂျိုးဘိုင်ဒင် ဟာ အထက်လွှတ်တော် အမတ်အဖြစ် ၃၆ နှစ်နဲ့ ဒုတိယ သမ္မတ အဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အသက် ၇၈ နှစ်အရွယ် ဘိုင်ဒင်ဟာ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သမ္မတ ဖြစ်ပါတယ်။

 

 

သမ္မတ ဘိုင်ဒင်နဲ့ အတူ ဒုတိယ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သူကတော့ အမေရိကန် သမိုင်းမှာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း နိုင်ငံရဲ့အာဏာ အမြင့်ဆုံး ရယူနိုင်တဲ့ အမျိုးသမီး ကာမာလာဟဲရစ် ဖြစ်ပါတယ်။ ကာမာလာ ဟဲရစ်ဟာ ဂျမေကာနဲ့ အိန္ဒိယနွယ် မိဘတွေကနေ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။

 

 

 

သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုအခမ်းအနားကို အမေရိကန် သမ္မတဟောင်းတွေဖြစ်တဲ့ အိုဘားမား၊ ဘီလ်ကလင်တန်၊ ဂျော့ဒဗလျူဘုရှ် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

 

 

ဒါ့အပြင် ကမ္ဘာကျော် အဆိုတော်တွေဖြစ်တဲ့ လေဒီဂါဂါနဲ့ ဂျနီဖာလိုပက်ဇ် တို့လည်း သမ္မတ ကျမ်းသစ္စာဆိုပွဲမှာ ပါဝင်ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။

 

 

သတင်းဓါတ်ပုံ- AFP