မော်စကို ဇန်နဝါရီ ၂၁
အမေရိကန်၏ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်သွားရန် ရုရှားနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန်သမ္မတ အီဘရာဟင်ရိုင်စီကပြောကြားလိုက်သည်။
ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံစဉ်ယနေ့၌ ရိုင်စီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့ နှစ်နိုင်ငံအကြား နိုင်ငံတကာအရေးများနှင့် ပတ်သက်၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပူတင်က ပြောကြားလိုက်သည်။
၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်အား ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ရေးတွင် အီရန်၏ ရပ်တည်ချက်ကို ရုရှားက နားလည်သဘောပေါက်ကြောင်း ပူတင်ကပြောကြားသည်။ ရုရှားနှင့် အီရန်သည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ဖယ်ရှားရေး ပူးပေါင်းဆောင်ရွက်ရာတွင် စီးပွားရေးနည်းလမ်းအပါအဝင် ကဏ္ဍများစွာ၌ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရိုင်စီက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ