အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄၃,ဝဝဝ ကျော်ရှိ

၅ ဇူလိုင်

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၃,ဝဝဝ  ကျော်ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဒေသစံတော်ချိန် ဇူလိုင် ၄ ရက် ညအချိန် ၈:၃၀ မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၃,၇၄၂ ဦးကို သောကြာနေ့မှာ တွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂,၈၃၆,၇၆၄ ဦးရှိသွားပြီဖြစ်ပါတယ်။ ဖလော်ရေဒါမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အများဆုံးဖြစ်ပြီး ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၁,၄၅၈ ဦးကြောင်း သိရပါတယ်။

 

၂၄ နာရီ အတွင်းဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာလည်း ၂၅၂ ဦးရှိတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၁၂၉,၆၅၇ ဦးရှိသွားပြီလို့ ဆိုပါတယ်။

 

သုံးရက်ဆက်တိုက် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူအရေအတွက်မှာ မှတ်တမ်းတင်နိုင်တဲ့ အရေအတွက်တွေ ဖြစ်နေခဲ့ပါတယ်။ သောကြာနေ့ကတော့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၂,၆၈၃ ဦး ရှိတဲ့အတွက် အများဆုံးဖြစ်နေခဲ့ပါတယ်။

 

ဇူလိုင် ၄ ရက်နေ့ဟာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် ပုံမှန်ဆိုရင် ဝါရှင်တန်မှာ မီးရှူးမီးပန်း ပေါက်တာကို လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားနေပေမယ့် အခုတော့ ကန္တာရလို ဖြစ်နေတာကို တွေ့ရပါတယ်။  လွတ်လပ်ရေးနေ့ ပိတ်ရက်ရှည် ဖြစ်ပေမယ့် ကမ်းခြေတွေနဲ့ ဝါရှင်တန်ရှိ အမျိုးသားခန်းမကို ပိတ်ထားကြောင်း သိရပါတယ်။

 

လွတ်လပ်ရေးနေ့ ချီတက်ပွဲကို လုပ်ဆောင်ခြင်း မရှိတာကို တွေ့ရပါတယ်။ အိမ်တွေမှာ အသားကင်စားလုပ်စားရာမှာလည်း နည်းသွားသလို မိသားစု ပြန်စုံတာမျိုးလည်း မလုပ်တာကို တွေ့ရှိရပါတယ်။

 

အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ကပ်ရောဂါပိုး အများဆုံးတွေ့ရှိတဲ့ နိုင်ငံဖြစ်သလို ကပ်ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံသူ စုစုပေါင်း ၂ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူမှာ ၁၃၀,ဝဝဝ နီးရှိနေတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP