အမေရိကန်နှင့်ရုရှားတို့နှင့် နျူကလီးယားဆွေးနွေးပွဲ၌ ပူးပေါင်းရန် တရုတ် ငြင်းဆန်

ရုရှား၊ အမေရိကန်ပြည်ထောင်စုတို့နှင့်အတူ နျူကလီးယားလက်နက်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် မူဘောင်တစ်ခုတွင် ပူးပေါင်းပါဝင်ရန်ဟူသည့် သဘောထားကို တရုတ်နိုင်ငံက ငြင်းပယ်ခဲ့သည်။

 

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hua Chunying က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အင်္ဂါနေ့က ဝါရှင်တန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျရီလာရော့ဗ် နှင့်တွေ့ဆုံစဉ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုမှ ပြောကြားခဲ့သည် မှတ်ချက်စကားများကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

 

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည့် နျူကလီးယားလက်နက် လျှော့ချရေးစာချုပ်အသစ်ကို ဆွေးနွေးရန် ပွန်ပီယိုနှင့်လာရော့ဗ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံသည် လက်နက်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် လိုအပ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် အခြား ပါတီများက ယုံကြည်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

 

 တရုတ်နိုင်ငံ၏ရပ်တည်ချက်မှာ ရိုးရှင်းကြောင်း တရုတ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

mdn

 

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၊ ရုရှားတို့နှင့် သုံးပွင့်ဆိုင် လက်နက်ထိန်းချုပ်ရေးညှိနှိုင်းမှုများတွင် ပါဝင်ရန် ရည်ရွယ်ချက်မရှိကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်လျှင် တရုတ်ကို တာဝန်ယူရန်နှင့် တာဝန်လွှဲပြောင်းရန် အဆက်မပြတ်ကြိုးစားနေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

အလယ်အလတ်အဆင့် နျူကလီးယားစွမ်းအင်စာချုပ်ဟုခေါ်သည့် အမေရိကန် - ရုရှားစာချုပ်သည် ယခုနှစ် ဩဂုတ်လအတွင်းက သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်