အမေရိကန်သမ္မတ ခရီးစဉ်မတိုင်မီ  အစ္စရေးနှင့်အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်

 

မနာမာ(ဘာရိန်း) ဇွန် ၂၈

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ပထမဆုံး အရှေ့အလယ်ပိုင်းခရီးစဉ်မတိုင်မီ သီတင်းပတ်နှစ်ပတ်အလိုတွင် အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနှင့် အာရပ်လေးနိုင်ငံတို့သည် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန်နှင့်  နှစ်စဉ်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ကျင်းပရန်  ဇွန်၂၇ ရက်က သဘောတူခဲ့ ကြသည်။

 

ဘာရိန်းသည်  ခြောက်ဦးဆိုင် ဆွေးနွေးမှုကို လက်ခံကျင်းပသွားမည်ဖြစ်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် မော်ရိုကိုတို့သည် ၂၀၂၀ ပြည့်နှစ် အမေရိကန်အကျိုးဆောင် အီဘရာဟင် သဘောတူညီချက်အရ အစ္စရေးနှင့်  ဆက်ဆံရေးများ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အီဂျစ်သည် ၁၉၇၉  ခုနှစ်တွင် အစ္စရေးနိုင်ငံနှင့် ငြိမ်းချမ်းရေး ရယူခဲ့သည်။

 

အစ္စရေးရှိ ကန္တာရနီဂက်ဗ်တွင် မတ်လက ပြုလုပ်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပပြီးနောက် ယခုသဘောတူညီမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။  ယခုသဘောတူညီမှုသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစ္စရေးနှင့် အစ္စရေးပိုင် အနောက်ဘက်ကမ်း၊ ဆော်ဒီအာရေဗျသို့ ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်အထိ မသွားခင်ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။

မိမိတို့သည်  ဒေသတွင်းမူဘောင်သစ်တစ်ခုကို တည်ဆောက်ရန် ကြိုးစားနေကြောင်းနှင့်  နီဂက်ဗ် အစည်းအဝေးမှ ထွက်ပေါ်လာသည့်  အသေးစိတ်အချက်အလက်များကိုလည်း အကောင်အထည်ဖော်ရန် ကြိုးစားသွားရမည်ဖြစ်ကြောင်း အရှေ့ပိုင်းဒေသ ရေးရာဗျူရို လက်ထောက်အတွင်းရေးမှူး ယော်လမ်ပါ့တ်က ပြောသည်။

 

အေအက်ဖ်ပီ