အမေရိကန်တင်းနစ်မယ် ဆိုဗီယာကီနင် ဩစတြေးလျအိုးပင်းအမျိုးသမီးတစ်ဦးချင်း တင်းနစ်ဆုဖလား ဆွတ်ခူး

၃  ဖေဖော်ဝါရီ

 

ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ အမေရိကန် တင်းနစ်မယ် ဆိုဖီယာကီနင်နဲ့ စပိန်တင်းနစ်မယ် မူဂူရူဇာတို့ယှဉ်ပြိုင်ကစားခဲ့ရာ ဆိုဖီယာကီနင် က မူဂူရူဇာကို အနိုင်ရရှိပြီး သြစတြေးလျအိုးပင်းတင်းနစ်ဆုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

ကီနင်ဟာမဲလ်ဘုန်းမြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ သြစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ဗိုလ်လုပွဲစဉ်မှာ မူဂူရူဇာကို ၄-၆၊ ၆-၂၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန် တင်းနစ်မယ် ဆိုဖီယာကီနင်ဟာ နိုဝင်ဘာလအတွင်းက အသက် ၂၁ နှစ်ပြည့်ခဲ့တာဖြစ်လို့ ၂၀ဝ၈ ခုနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ ရှာရာပိုဗာပြီးနောက် သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်းချန်ပီယံဖြစ်လာတဲ့ အသက်အငယ်ဆုံး တင်းနစ်မယ်လည်း ဖြစ်ပါတယ်။

 

စပိန်တင်းနစ်မယ် မူဂူရူဇာဟာ ၂၀၁၆ ခုနှစ်က ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ဝင်ဘယ်ဒန် တင်းနစ်အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခုဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဖြစ်ခဲ့တဲ့ ဆိုဖီယာကီနင်ကတော့ သူ့ရဲ့ တင်းနစ်မယ်ဘဝမှာ အမျိုးသမီးတစ်ဦးချင်း ဂရန်းဆလမ်းချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

ငွေကြယ်