အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

mdn

နေပြည်တော်  ၂၂ နိုဝင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၁) ၏ မိတ်ဆွေ(၃) ဦးသည်အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေမှုကို တက်ရောက်လေ့လာကြကြောင်းနှင့် နေ့လယ်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၄၃/ ၂၀၁၉) မှ ကြီးကြပ်သူများ အပါအဝင် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း (၁၄၈) ဦးတို့သည် အမျိုးသားလွှတ်တော်ကို လာရောက်လေ့လာကြ ကြောင်းသိရသည်။        

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်း ဧည့်သည် (၂၁၄၉၆)ဦးနှင့် ပြည်ပဧည့်သည် (၂၂၁၉) ဦးရှိကြောင်း သိရသည်။

 

 

 

(သတင်းစဉ်)