အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ၂၁ ဖေဖော်ဝါရီ

 

ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၈၉ ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြကြောင်း သိရသည်။    

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၂၂၇၂၇)ဦးနှင့် ပြည်ပဧည့်သည် (၂၃၀၃) ဦးရှိပြီး လွှတ်တော်သို့လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့်အမျိုးသား လွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံလိပ်မူ၍ သုံးရက်ကြိုတင် ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်း သိရသည်။

 

သတင်းစဉ်