အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟာ ကပ်ရောဂါပိုး ကူးစက်ချိန်တွင် ပိုတိုးလာကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

၂၃ နိုဝင်ဘာ

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တားဆီးထိန်းချုပ်ရန် အသွားအလာ ကန့်သတ်မှု ချမှတ်ထားတဲ့ ကာလအတွင်းမှာ အိမ်တွင်း အကြမ်းဖက်မှုတွေ ပိုးတိုးလာကြောင်း ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ သိရပါတယ်။

 

 

စက်တင်ဘာလ အတွင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ နိုက်ဂျီးယားနဲ့ တောင်အာဖရိက နိုင်ငံတွေမှာ မုဒိမ်းမှုတွေ များလာခြင်း၊ ပီရူးနိုင်ငံမှာ အမျိုးသမီး ပျောက်ဆုံးဦးရေ တိုးလားခြင်း၊ ဘရာဇီးနဲ့ မက္ကဆီကို နိုင်ငံတွေမှာ အသတ်ခံရတဲ့ အမျိုးသမီးတွေ များလာခြင်းနဲ့ ဉရောပနိုင်ငံတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းတွေ များလာကြောင်း သိရပါတယ်။

 

 

ဒါ့အပြင် အိမ်တွင်း အကြမ်းဖက်ခံရလို့ တိုင်ကြားခြင်း သို့မဟုတ် ဖုန်းဆက် အကြောင်းကြားခြင်းတွေဟာ အာဂျင်တီးနား နိုင်ငံမှာ ၂၅ ရာခိုင်နှုန်း တိုးလာပြီး ဆိုက်ပရပ်စ်နဲ့ ပြင်သစ် နိုင်ငံတွေမှာ ၃၀ ရာခိုင်နှုန်းနဲ့  စင်ကာပူနိုင်ငံမှာ ၃၃ ရာခိုင်နှုန်း တိုးလားကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ထိန်းချုပ်ရန်  အသွားအလာ ကန့်သတ်မှု ၆ လတာအတွင်း ကမ္ဘာတစ်ဝန်း တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ၃၁ သန်း၊ မလိုလားဘဲနဲ့ ကိုယ်ဝန်ဆောင်မှု ၇ သန်း ရှိကြောင်း ကုလသမဂ္ဂက ဇူလိုင်လ အတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို တားမြစ်ရန် အသွားအလာ ကန့်သတ်ရာတွင် အမျိုးသမီးနဲ့ ကလေးများဟာ အိမ်တွင်းမှာ နေထိုင်ရသူများ ဖြစ်လာတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn