အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနားကျင်းပ

ပဲခူး နိုဝင်ဘာ၂၇

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက  ကြီးမှူးကျင်းပသည့်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားကို  နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် နိုင်ငံတော်အဆင့် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး)နှင့် နှစ်သိမ့်ဆုရရှိသည့်  ဦးအောင်သန်း(အောင်ခန့်ဖြိုးဝေ-တောင်ငူ) တို့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနှင့် ပတ်သက်သည့် Video Clip ကို ပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)