အမ်မီဆုပေးပွဲ ဆန်ခါတင်စာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့တဲ့ ဇန်ဒါယာ

  ဩဂုတ်

ဟောလိဝုဒ် မင်းသမီးတစ်ဦးဖြစ်တဲ့ ဇန်ဒါယာဟာ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် ၂၀၂၀ ပြည့်နှစ် အမ်မီဆုပေးပွဲ ဆန်ခါတင်စာရင်းမှာ ပါဝင်ခွင့်ရခဲ့ကြောင်း ကော့စမိုပိုလီတန်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဒီလို နိုင်ငံတကာ အနုပညာထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ အမ်မီဆုပေးပွဲ ရဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့တာနဲ့ ပတ်သက်ပြီး မင်းသမီးက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ရေးသား ဖော်ပြခဲ့ပါတယ်။

ဇန်ဒါယာက ဆန်ခါတင်စာရင်းမှာ ပါဝင်ခွင့်ရခဲ့တာနဲ့ပတ်သက်ပြီး ပြောစရာစကား မရှိလောက်အောင် ဖြစ်ရကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

ဇန်ဒါယာဟာ HBO က ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ရုပ်ရှင် Euphoria မှာ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ ရူဘီဘန်းနက်အဖြစ် ပါဝင်ထားပြီး အဆိုပါ ဇာတ်လမ်းတွဲနဲ့ ဇန်ဒါယာဟာ အမျိုးသမီးဇာတ်ဆောင် ထူးချွန်ဆုအတွက် အမ်မီဆန်ခါတင်စာရင်း ဝင်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

အေးပြည့်