အမ်းမြို့နယ်၌ တိုင်းရင်းသားပြည်သူ(၆၄၀)အား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

အမ်း   အောက်တိုဘာ ၁၃

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကို မဲလက်မောင်းကျေးရွာအုပ်စုရှိ ပြည်သူ(၆၄၀) အား အောက်တိုဘာ(၆)ရက်နေ့မှ (၁၂)ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက မဲလက်မောင်းကျေးရွာအုပ်စု ရှိ မဲတောင်ရှည်၊ ကြိမ်ချောင်း၊ ကွပ်ဝ၊ ဖောင်တော်၊ မဲလက်မောင်း၊ ခမောင်းတော၊ မဲသံကြိုးကျေးရွာများ သို့သွားရောက်၍ ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသား အသက်(၁၈)နှစ်အောက် ကျား ၅၄ဦး၊ မ ၇၂ ဦးနှင့် အသက် ၁၈ နှစ်အထက် ကျား ၁၄၇ ဦး၊ မ ၃၆၇ ဦး၊ စုစုပေါင်း(၆၄၀) အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မွေးတိုး/သေဆုံး/ပယ်ပျက်/မိတ္တူ (၂၂)စောင်အား အောက်တိုဘာလ (၆)ရက်နေ့မှ (၁၂)ရက်နေ့ထိ ဆောင်ရွက်ပေးခဲ့သည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပြည်သူအားလုံး အိမ်ထောင်စု လူဦးရေစာရင်းနှင့် မှတ်ပုံတင်ရရှိကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အများ ပြည်သူများသိရှိစေရန် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။

 

       

မြို့နယ်ပြန်/ဆက်