အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား အရေးယူထား

နေပြည်တော်  ၂၉  နိုဝင်ဘာ

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီမှ  နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီအထိ ယာဉ်စည်းကမ်းစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ်(၃)တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၄ စီး၊ ဘောနတ်ကြီး မီနီတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၇ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၄ စုစုပေါင်း ၁၆ စီးတို့အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(ရဲပြန်ကြား)