အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှာ

နေပြည်တော် ၁ ဒီဇင်ဘာ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၄၃)မိနစ်၊ (၂၅)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၇၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၂)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၅.၁၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၀)ဒီဂရီ၊ အနက် (၄၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန