အင်းစိန်မြို့နယ်၌ ဆောက်လုပ်ဆဲနေအိမ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန် ၆ ဇူလိုင်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဆောက်လုပ်ဆဲနေအိမ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုကို ဇူလိုင် ၄ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ဒုရဲအုပ် စိုးကိုကို၊ အင်းစိန်မြို့မရဲစခန်း တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ နဝဒေးလမ်းသွယ်(၂)၊အုပ်စု(၄)၊အမှတ်(၇၀၅)၊ဆောက်လုပ်ဆဲ နေအိမ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးနေကြောင်း သိရသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးကျော်ဝင်း၊ (၅၆)နှစ်၊ ရန်မျိုးအောင်လမ်း၊ အုပ်စု(၃)၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူဖြစ်ပြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်၊ နဝဒေးလမ်းသွယ်(၂)၊ အုပ်စု(၄)၊ အမှတ်(၇၀၅)ရှိ ဆောက်လုပ်ဆဲ သုံးထပ်တိုက်အဆောက်အဦတွင် ညစောင့်တာဝန်ဆောင်ရွက်နေစဉ် ယင်းအဆောက်အဦး၏ မြေညီထပ်ရှိ အခန်းတွင် မီးမလင်း၍ (၄)ပေမီးချောင်းအား သွားရောက်တပ်ဆင်ရာမှ ဓာတ်လိုက်ပြီး လဲကျသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အလောင်းအား အင်းစိန်ဆေးရုံသို့ ပို့အပ် လက်ခံစစ်ဆေးလျက်ရှိသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲ စိုးကိုကိုမှ တရားလိုပြုလုပ်တိုင်တန်း၍ အင်းစိန်မြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)