အင်ဒိုနီးရှား ရဲစခန်း တစ်ခုကို အသေခံ ဗုံးခွဲတိုက်ခိုက်ရာ တစ်ဦး သေဆုံး ခြောက်ဦး ဒဏ်ရာရ

၁၃ နိုဝင်ဘာ

 

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းပေါ်က ရဲစခန်းတစ်ခုကို အသေခံ ဗုံးခွဲတိုက်ခိုက်ရာ အသေခံ ဗုံးခွဲသူ သေဆုံးပြီး ရဲအရာရှိများ ဒဏ်ရာရရှိခဲ့ပါတယ်။ ယနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့များ တန်းစီချိန်မှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

ဗုံးခွဲတိုက်ခိုက်သူလို့ ယူဆရသူ သေဆုံးပြီး ရဲအရာရှိ လေးဦးနဲ့ သာမန်ပြည်သူ နှစ်ဦးတို့ ဒဏ်ရာရရှိ ခဲ့ပါတယ်။ ဒဏ်ရာရရှိသူများဟာ စိုးရိမ်စရာ မရှိဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောပါတယ်။

 

ရဲစခန်းရှေ့မှာလည်း အလောင်းတစ်လောင်းကို တွေ့ရကြောင်း AFP သတင်းထောက်က ပြောပါတယ်။

 

ဘာကြောင့် အခုလို တိုက်ခိုက်ရတာလဲ ဆိုတာကို ချက်ခြင်း မသိရသေးပေမယ့် အိုင်အက်စ် စစ်သွေးကြွတွေက ရဲစခန်းတွေကို အဓိက ပစ်မှတ်ထားပြီး မကြာခဏ တိုက်ခိုက်နေတာကို တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ လကလည်း သမ္မတ ဝီဒိုဒိုရဲ့ ကာကွယ်ရေး ဝန်ကြီးကို တိုက်ခိုက်ခံခဲ့ရာ ဒဏ်ရာရရှိခဲ့ပေမယ့် အသက်အန္တရာယ် မရှိခဲ့ပါဘူး။ ကာကွယ်ရေး ဝန်ကြီးကို တိုက်ခိုက်ခဲ့သူတွေဟာ အိုင်အက်စ်အဖွဲ့ရဲ့ သစ္စာခံအဖွဲ့ JAD အဖွဲ့ဝင် လင်မယားနှစ်ယောက်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP