အင်ဒိုနီးရှား၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၃၆၀ ဦးတွေ့ရှိပြီး ၁၁၀ ထပ်မံသေဆုံး

ဂျကာတာ ၂၂ နိုဝင်ဘာ

အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၃၆၀ ထပ်မံတွေ့ရှိခဲ့ခြင်းနှင့်အတူ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၉၇၆၆၈ ဦးရှိလာကြောင်း အင်းဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း လူနာ ၁၁၀ ထပ်မံသေဆုံးခဲ့ရာ အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၅၈၈၄ ဦးရှိလာခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် အင်ဒိုနီးရှားနိုင်ငံရှိ ပြည်နယ်နှင့် ဒေသပေါင်း ၃၄ ခုသို့ ကူးစက်ပျံ့နှံ့သွားပြီး အထူးသဖြင့် မြို့တော်ဂျကာတာ၌ ၁၃၄၂ ဦး၊ အလယ်ဂျားဗား၌ ၄၇၇ ဦး၊ အနောက်ဂျားဗား၌ ၃၇၂ ဦး၊ အရှေ့ဂျားဗား၌ ၂၉၅ ဦးနှင့် အနောက်ဆူမတြား၌ ၂၂၉ ဦး စသည်ဖြင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း အသီးသီးရောဂါ ကူးစက်ခံရကြောင်း သိရသည်။

သို့သော် ပါပူဝါပြည်နယ်တွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်စုံတစ်ဦးမျှ မရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ